
အမေရယ်နေကောင်းလား ကျနော်သတိရတယ်
အမေရယ်ရွာလေးမှာ ဘယ်လိုနေမယ်မှန်း
မသိဘူးကွယ်..
ခလုတ်ထိမှဘဲဆိုမလား
ဒုက္ခရောက်မှ အမေ့ကိုတမ်းတ
သားဆိုးလေးလို့ အများကခေါ်ကြ
အရောင်မပြယ်ပါဘူး အမေ့ရဲ့ 
မေတ္တာတရား..
တိမ်လိုလွှင့်မျောဆဲ လေနှင်ရာအတိုင်းဘဲ
ဂျစ်ပစီငှက်ကလေးပါ မိုင်ထောင်ချီခရီးများ
ပျံသန်းဆဲ..
လေနီရိုင်းများကြမ်းတမ်းနေခဲ့
အတောင်ပံတစ်စုံကိုအားပြုရင်းနဲ့ 
လေပြေညှင်းတော့တစ်ကွေ့ တွေ့မှာဘဲ
ကျွှန်တော်မငိုဘူး အမေ့ရဲ့သား
မငိုဘူး..
စိမ်းလန်းတဲ့ဒေါနတောင်တန်း
မြင့်မားတဲ့ ဇွဲကပင်တောင်တန်း
စီးဆင်းမြဲ သံလွင်မြစ်ကမ်း
နံဘေးအနားက ရွာလေးမှာ
အမေ့ရဲ့အိမ်ဆီ ပြန်လာခဲ့မယ်
နွေးထွေးတဲ့ အမေ့အေးအရိပ်ခိုရင်း
လောကဓံတရားကို
ယှဉ်ပြိုင်သွားမယ်..
0 comments:
Post a Comment