တကယ်ပါသူငယ်ချင်း ယခုနှစ်သင်္ကြန်မှာ
တို့တော့ဘယ်မှ လိုက်လျှောက်မလည်ဘူး
အခန်းလည်း မအောင်းတော့ဘူး
ငါးပါးသီလ တရားဓမ္မကိုနာ
ဥပုဒ်စောင့်မှာ
တကယ်ပါသူငယ်ချင်း ၂၀၀၉ အတာမှာ
အသက်သတ်လွတ်စား လျှောက်မကဲတော့ဘူး
အရက်လည်း မသောက်တော့ဘူး
ကောင်းကောင်းနေမယ် ဘုရားတရားအရိပ်ထဲ
ကုသိုလ်ကောင်းမှုပြုမယ်
သင်္ကြန်အကြိုနေ့မှာ ငါတော့ဘုရားသွားမယ်
ဘော်ဘော်တွေနဲ့နေရင်လေ ကွဲမိမယ်
အပြင်ကိုမထွက်ပါ နေမယ်ဘုန်းကြီးကျောင်းဝန်းရဲ့
ထဲမှာဘဲ ဥပုဒ်စောင့်မယ်
တကယ်ပါသူငယ်ချင်း အကျ အကြတ် အတက်
နှစ်ဆန်းတစ်ရက် အဘိုးအဘွားတွေနဲ့
ဘုန်းကြီးကျောင်းမှာဘဲ တရားမှတ်နေမယ်
လုံးဝအပြင်မထွက် ပုတီးစိပ်အိပ်မယ်
0 comments:
Post a Comment