people

yllix


free counter
ဟိုတစ ဒီတစ ဆွဲပြီး ထည့်ထားတဲ့ ဘလော့(ဂ်)လေး မှ ကြိုဆိုပါတယ် ခင်ဗျာ .....

ယောက်ျားတွေ မပြောတဲ့ နောက်ဆက်တွဲ စကား

Funny Myspace Comments

Girl : ဒီတသက် တို့ကိုပဲချစ်မှာလား။

Boy : ဒါပေါ့။ (တစ်ယောက်ဘယ်ကမလဲ)

Girl : တို့မရှိရင် ကို ဘယ်လိုလုပ်မလဲ။

Boy : ငိုမှာပေါ့။ (ပျော်လွန်းလို့)

Girl : တို့ကကိုရဲ့ ရည်းစားဦးလား။

Boy : အေ။ (ဟုတ်နေဦးမယ်)

Girl : ကိုလိမ်ပြောနေတာလား။

Boy : ကျိမ်ဆိုကျိမ်ပါ့မယ်။ (ဒါလိမ်ပြောနေတာပါလို့)

Girl : အိုသွားရင်ကော ချစ်မှာလား။

Boy : နင်မအိုပါဘူး။(ဘယ်တုန်းက ငယ်လို့လဲ)

Girl : ပပ၀တီလိုလှတယ်မလား။

Boy : အေ။(ဝေးသေး)

Girl : ပင်လယ်ပြင်မှာ ရေတစ်ခွက်ပဲရှိရင် တို့ကိုတိုက်မှာလား။ ကိုရဲ့အမေကိုတိုက်မှာလား။

Boy : ကိုအမေကိုမတိုက်ပါဘူး။(နင့်ကိုလည်းမတိုက်ဘူး၊ကိုယ့်ဘာသာကိုသောက်မှာ)

Girl : ၀လာလား။

Boy : မ၀ပါဘူး။slim လေးပါ။(အရိုးချည်းပဲ)

Girl : အခု တခြားကောင်လေးက တို့ကိုအရူးအမူးလိုက်နေရင်ကော။

Boy : ဟင် ဘယ်သူလဲ။ (ကျေးဇူးတင်ကြောင်း ထမင်းပါခေါ်စားမယ်။နင့်ကိုလှလှပပပြင်ပြီး လိုက်ပို့ပေးအုန်းမှာ)

Girl : နှောက်နေတာပါ၊ အဲလောက်လဲ စိတ်မလှုပ်ရှားပါနဲ့။

Boy : …………

Girl : ဘာလဲ စိတ်ဆိုးနေလား။

Boy : ဆိုးတာပေါ့ဟာ။ ( တကယ်ဘာလို့မဟုတ်ရတာလဲ)



(၀န်ခံချက်) သူငယ်ချင်း mail မှ တဆင့် ကူးယူဖော်ပြသည်

0 comments:

Post a Comment