အဖြူရောင်နှလုံးသားထဲ ဝေဒနာဆေးစက်တို့
စွန်းထင်းလို့သွား ဒါတွေဘယ်သူ့ကြောင့်လဲ
နင်လေသိရဲ့လား..
အချိန်တွေရယ်ရွေ့လျား နင့်အပေါ်အချစ်တွေက
မပြောင်းလှဲဘူးဆိုတာ နင်ယုံပါ
တိမ်တွေကိုမှ သဘောကျတတ်တဲ့
နင့်ရဲ့စိတ်တွေက အခြားတစ်ယောက်မှာလား
စိုးရိမ်မိတယ်ကွယ် ..
ဆန်းသစ်ပြောင်းလှဲနေ ဒီကမ္ဘာကြီးရဲ့ထဲ
နင် ငါ့အပေါ်ပြောင်းလှဲသွားမှာလား
ငါချစ်ရတဲ့နင် မပြောင်းလှဲပါနဲ့
ထာဝစဉ်ချစ်ခွှင့်ပေးပါနော်
ရောင်စုံခြယ် ကောင်းကင်ထက်
ကြယ်ရယ် လရယ် နေရယ်ရှိမှ
ဒါတွေငါ့ဘ၀ထဲ မလိုအပ်ပါဘူး
နင် ငါ့နံဘေးနား အမြဲရှိနေရင်
ပြီးပြည့်စုံပါတယ်...
0 comments:
Post a Comment