
ကိုယ့်ရဲ့ ကွန်ပျူတာမှာ Operating System
တစ်မျိုးထက်မက တင်ထားချင်သူတွေအတွက်
အဆင်ပြေအောင်လုပ်ပေးတဲ့ ဆော့(ဖ်)၀ဲလေး တစ်ခုကို
လိုချင်တယ်ဆိုရင်တော့ http://gag.sourceforge.net
ကိုသာသွားကြည့်လိုက်ပါ။ စက်စတက် လာတဲ့အခါ
ကိုယ်တင်ထားတဲ့ စနစ်တွေအနက် လောလောဆယ်
သုံးချင်တဲ့စနစ်ကို အလွယ်တကူရွေးချယ်လို့ရအောင်
စီစဉ်ပေးတဲ့ ဆော့(ဖ်)၀ဲလေးပါပဲ။
ကွန်ပျူတာ လုံခြုံရေးကို စိတ်ဝင်စားသူတွေ အနေနဲ့ မသိ
မဖြစ်၊ မသွားမဖြစ် သွားသင့်တဲ့ ဆိုက်ကတော့
http://www.metasploit.com ပါပဲ။ တစ်ဘက်ကွန်ပျူတာရဲ့ 
ဟာကွက် ယိုပေါက်တွေကို အသုံးချပြီး ကိုယ်လိုသလို
လုပ်နိုင်တဲ့ ဖရိမ်ဝါ့(ခ်)တစ်ခုဖြစ်တဲ့အပြင် ၊ သူနဲ့ 
အလားတူဆော့(ဖ်)၀ဲတွေကို ဒေါ်လာ ထောင်ချီ ပေးဝယ်မှ
ရပေမဲ့ သူကတော့ အလကားပေးတာလည်း ဖြစ်ပြန်ပါတယ်။
ကွန်ပျူတာတွေမှာ အသုံးပြုကြတဲ့ ဆော့(ဖ်)၀ဲ အမျိုးမျိုး
တွေ မောင်းနှင်စနစ် အမျိုးမျိုးတွေရဲ့ အားနည်းချက်
မှန်သမျှကို သိချင်ရင်တော့ http://www.milw0rm.com
ကိုသာသွားကြည့်ကြပါ။ ကွန်ပျူတာ လုံခြုံရေးကို
စိတ်ဝင်စားသူတွေ အင်မတန် သဘောကျမယ့် ဆိုက်
တစ်ခုဆိုလည်း မမှားပါဘူး။
ဖိုတိုရှော့ပ်နဲ့ အလားတူဆော့(ဖ်)ဝဲ တစ်ခုကို အွန်လိုင်း
ကနေ အရေးပေါ်သုံးချင်တယ်ဆိုရင်တော့
http://www.pixlr.com/app ကို သွားကြည့်လိုက်ပါ။
ဒါပေမဲ့ ကွန်နက်ရှင်ကောင်းဖို့ တော့ လိုမယ်နော်။
လင်းနစ်တွေ အတော်များများကို အိတ်ဆောင် စတစ်
ကလေးတွေထဲမှာ အင်စတောလုပ်ထားချင်ရင်တော့
http://www.pendrivelinux.com ကို သွားကြည့်လိုက်ပါ။
အဲဒီကညွှန်ကြားချက်တွေ၊ လမ်းညွှန်ချက်တွေကိုဖတ်ပြီး
ကိုယ်လိုချင်တဲ့  လင်းနစ်ကို ကိုယ့်ရဲ့ အိတ်ဆောင်စတစ်
ထဲမှာ တင်နိင်လာကြမှာပါပဲ။
(၀န်ခံချက်) ပေါ်ပြူလာဝက်ဘ်ဆိုက် အညွှန်း မှ ကူးယူဖော်ပြသည်
0 comments:
Post a Comment